ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

 





MNP ၊ ဇန်နဝါရီလ ၂ 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့တောင်ဦးကျေးရွာအနီးတွင် အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် နေ့ညမပြတ် နယ်မြေရှင်းလင်းမှုများဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများနှင့် PDF အကြမ်းဖက်သမားများ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များသည် စစ်ရေးစွမ်းရည်ပြည့်ဝစွာ လေ့ကျင်ထားမှုကြောင့် PDF အကြမ်းဖက်သမားများ ကံမကောင်းစွာဖြင့် ဒဏ်ရာများစွာရရှိ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

PDF အကြမ်းဖက်သမားများ ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်ကို လုံခြုံရေးအဖွဲ့များမှ အသေးစိတ် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာမှ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်ဗုံးသီး ၁၄ လုံး၊ ၅.၅၆ကျည် ၂၀ တောင့်၊ အေကေ ကျည် ၄၈ တောင့်၊ လက်လုပ်ကျည် ၇၅ တောင့်၊ လက်လုပ် ၄၀မမ ဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၇ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၁ ခု၊ ယမ်းမှုန့် ၂ ပိဿာ၊ ဆိုလာ ၅ ချပ်၊ ဆေးမျိုးစုံ ၁ အိတ်၊ ဘတ္ထရီ ၆ လုံး၊ အင်ဗာတာ ၁ လုံး၊ ဒီတိုနေတာ ၂ ချောင်း၊ ဝါယာကြိုး ၁ ခွေ၊ ကား ၃ စီး၊ ဆိုင်ကယ် ၄ စီး၊ လူနေတဲ ၄ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။ 

လုံခြုံရေးအဖွဲများအနေဖြင့် ဆက်လက်ရှင်းလင်းမှုများဆောင်ရွက်လျက်ရှိပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲဝင်များမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)