ရသေ့တောင်မြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ




MNP  -  ဇန်နဝါရီ  ၂

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း

အမှတ်၊အားကစားပြိုင်ပွဲများကို ယနေ့၊ ညနေ (၂)နာရီက ရခိုင်ပြည်နယ်၊ရ‌သေ့တောင်မြို့၊ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။


အဆိုပါအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ပြိုင်ပွဲဝင် လူငယ်အားကစားသမားများ အချင်းချင်း ချစ်ခင်ရင်းနှီးကြစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲ များကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင်လူငယ်ကလပ်အသင်း(၃၂)သင်းပါဝင်ယှဥ်ပြိုင်လျှက်ရှိပြီး၊ပိုက်‌ကျော်ခြင်း၊ချောတိုင်တက်၊လွန်ဆွဲ၊ကွမ်းသီးကောက်၊ကျား/မ မီတာ(၁၀၀)အပြေးပြိုင်ပွဲပြေးခုန်ပိုက်၊မုန်းကိုက်ပြိုင်ပွဲစသည်တို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့အထိ၊ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည့်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီထံမှသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)