ညောင်လေးပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားကွင်း၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်မည်ဖြစ်ရာ ယနေ့တွင် အလွတ်တန်းစစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ကစားသမား(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဝင်ရောက်ယှဉ်ပြိုင်သော ကစားသမားများအနေဖြင့် ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလ(၃)ရက်နေ့တွင်လည်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ စစ်တုရင်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)