ဆင်ပေါင်ဝဲမြို့နယ်ရှိ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပျိုးများ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်ရှိ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပျိုးများ စတင်စိုက်ပျိုး


MNP  -  ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကြက်သွန်နီစိုက်ပျိုးတောင်သူများ ကြက်သွန်နီစိုက်ပျိုးရန် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။


ကြက်သွန်စိုက်ပျိုးသော တောင်သူများအနေဖြင့် ကြက်သွန်နီပျိုးစေ့ စတင်ပျိုးထောင်ချိန် အလွန်ဂရုစိုက် စိုက်ပျိုးရကြောင်း၊ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်စိုက်ပျိုးထောင်ချိန်မှ နှုတ်သိမ်းပြီး လှောင်စင်ပေါ်ရောက်မှသာ စိတ်ချရပြီး လှောင်စင်ပေါ်ရောက်ပြီး စျေးနှုန်းမရသည့်နှစ်များတွင်လည်း ကြက်သွန်စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ကြကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရန်အတွက် မြေဩဇာအဖြစ် နွားချေး၊ ဂျက်ဆင်ကျောက်မှုန့်၊ ရွက်ဖြန်းဆေးများ သုံးပြီး စိုက်ပျိုးရကာ၊ ကြက်သွန်စိုက်ခ၊ နှုတ်သိမ်းခ၊ စင်ပေါ်အတင်အချခ၊ ပေါင်းသင်ခ၊ ကြက်သွန်ရေဖြန်းစရိတ်(ဓာတ်ဆီ၊ ဒီဇယ်)ဖိုးများ ဧကဝက် စိုက်ပျိုးစရိတ်တွက်ကြည့်ပါက ကြက်သွန်နီစိုက်ပျိုးခ အရင်းတွင် ပင်(၅)သိန်းကျော် ကုန်ကျကြောင်း၊ ကြက်သွန်နီစျေး သုံးနှစ်ဆက်တိုက် အရှုံးပေါ်သော်လည်း ယခုနှစ် ကြက်သွန်နီစျေးနှုန်းကောင်းခဲ့ခြင်းကြောင့် ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ကြက်သွန်နီ ဧကဝက်စိုက်ပျိုးတောင်သူ ဦးကျော်မွှေးက ရှင်းပြသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)