MNP - ဇန်နဝါရီ ၁၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက ပြင်စည်(အထက)၊ ရွှေပြည့်ရင်(အမက)၊ လေးရွာဆုံ(အမက)၊ ပြရာချောင်း(အမက)၊ သင်းတပေါ့ (အမက)၊မင်းတဲ(အမက)၊သဲတော(အမက)၊မိုးတိမ်ပြင်(အမက)၊ဥသျှစ်ကျင်း(အမက)၊နဘဲသာ(အမက) ၊ဆား တောင်-တ(အထကခွဲ)၊ဆားတောင်-မ (အမက)၊ရွာသာအေး(အထကခွဲ)၊မာန်လည်(အထ ကခွဲ)၊ကြာပင်အိုင် (အထက)ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံ ပေးခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာ ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင်အခြေခံပညာကျောင်း များမှ ကျောင်းသား၊ကျောင်းသူ (၁၁၄၆)ဦး၊ စုစုပေါင်း(၄၃၅၂)ဦးကို သက်ဆိုင်ရာကျောင်းများ အလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာ ကျောင်းသား၊ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်
https://t.me/MyanmarNationalPost

No comments:
Post a Comment