ဒလမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများအား ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများအား ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး


MNP  -   ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့  နေ့လယ်ပိုင်းအချိန်၌ ကောက်ကွက်အလိုက် သမ္မတကမ်းခြေ၊ အံ့ကြီးအရှေ့၊အံ့ကြီးအနောက်၊ ညောင်ကုန်း၊ အောင်မင်္ဂလာ ရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။


ဒလမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်း စဉ်တစ်ရပ်လုံးပြီးမြောက် အောင်မြင်ရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့များက  အိမ်ထောင် စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် မသန်စွမ်း(၅)မျိုး စာရင်းအား တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ခဲ့ကြသည်။


အဆိုပါ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ စေသနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လူနေအိမ်တွင် အမှန်တကယ်နေထိုင်သော  လူဦးရေစာရင်း ကောက်ယူခြင်းများကို ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)