MNP - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပညာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းတည့်၁၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းပညာကျော်ခန်းမ၌ ကျင်းပကြသည်။
ထိုသို့ကျင်းပရာတွင် ရမ်းဗြဲမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှှ ဒုရဲအုပ် ဇာဇာမင်းကမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းစေသောဆေးဝါးများနှင့် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချမှု လက်ဝယ်ထားရှိမှုများနှင့်ပတ်သက်သော ဥပဒေဆိုင်ရာပြစ်မှုပြစ်ဒဏ်များအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပြောကြာသည်။ ဆက်လက်ပြီး ရမ်းဗြဲမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဝင်းနိုင် မှ ကျောင်းသား၊ ကျောင်းသူများသိရှိလိုက်နာနိုင်ရန်အတွက် ယာဉ်အန္တရာယ်နှင့်လမ်းအန္တရယ်များနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကိုရှင်းလင််းပြောကြားသည်။
၎င်းနောက် အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment