MNP - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာ၌ နေထိုင်လျက်ရှိသည့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)မှ ယမန်နေ့ မွန်းလွဲပိုင်းက တစ်အိမ်တက်ဆင်းသွားရောက်ကာ ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) သည် အစိုးရရပ်ကွက်ရှိ မင်းပြင်ဝန်ထမ်းအိမ်ရာသို့သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦး ရေစာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်း၊ လူဦးရေစာရင်းများမှန်ကန်တိကျမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့သည်။ ယင်းသို့ ကွင်းဆင်းစာရင်း ကောက်ယူနေမှုအား မြို့နယ်မြေပြင်ကွင်း ဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း၊ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ကျောက်ဖြူမြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်(၁၇) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် စနဲမြို့ရှိ (၅)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့ပေါင်း(၁၃၃)ဖွဲ့ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူမှုများကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကွင်းဆင်းစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment