မင်းဘူး(စကု)မြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ သီးနှံစုံ ၈၄၄၀၇ ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ သီးနှံစုံ ၈၄၄၀၇ ဧက စိုက်ပျိုးပြီးစီး



MNP  -   ဇန်နဝါရီ  ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ  ၈၄၄၀၇ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူ ထံမှ သိရသည်။


မင်းဘူး(စကု)မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၃၅၂၇ ဧကလျာထားလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အထိ ၈၄၄၀၇ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ထိုကဲ့သို လျာထားချက်များ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အုပ်စုပေါင်း ၃၄ အုပ်စု စိုက်ပျိုးနိုင်ကာ  ပဲမျိုးစုံဖြစ်သော ပဲလွန်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ပဲနောက်၊ ပဲတီစိမ်း၊ မတ်ပဲစသော သီးနှံများနှင့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာအပြင် ပန်း၊ နှမ်းများလည်း စိုက်ပျိုးခဲ့ကြပြီး သီးနှံဖျက်ပိုးများ မကျရောက်စေရန်နှင့် အထွက်နှုန်းကောင်းမွန်စေရန်လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကာ စနစ်တကျပြသ၍ စိုက်ပျိုးပေးလျက်ရှိကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူက ပြောပြသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)