ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာများပူး‌ပေါင်း၍ စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာများပူး‌ပေါင်း၍ စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP  -   ဇန်နဝါရီ  ၂၇

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်မှစည်ပင်သာယာရေးဝန်ထမ်းများ၊ ပန်းဥယျာဉ်၊ ရေစီးရေလာ၊ လမ်းတံတား၊ မြို့နယ်ရုံးတို့မှ ပူးပေါင်းဝန်ထမ်းများ(၁၄၈၆)ဦးတို့က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၀၆:၃၀) နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြသည်။


အဆိုပါသန့်ရှင်းရေးပြုလုပ်ရာတွင် လေးဆူဓါတ်ပုံရွှေတိဂုံစေ တီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဘုရားလာရောက်ဖူးမျှော်ရာ၌ အေးချမ်းစွာ ဘုရားလာရောက် ဖူးမျှော်နိုင်ကြစေရန်နှင့် သန့်ရှင်းသာယာလှပပြီး စိတ်ချမ်းမြေ့စေရန်ရည်ရွယ်၍ ရွှေတိဂုံစေတီတော်ရင်ပြင်နှင့် အလယ်ပစ္စယံတို့တွင် အမှိုက်လှည်းခြင်း၊ ဆီးမီးခုံများ၊ တန်ဆောင်းများနှင့် ဘုရားစေတီများအတွင်း ကုသိုလ်ယူသန့်ရှင်းခြင်းများပြုလုပ်ခဲ့ကြသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ထို့​နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ကုန်းတော်ပေါ်ရှိ ဗုဒ္ဓအမွေအနှစ်များကို ရေရှည်တည်တံ့ခိုင်မာအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ကြည်ဇေသော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)