အခြေခံပညာအထက်တန်းကျောင်း မြိုင်၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအထက်တန်းကျောင်း မြိုင်၌ လူငယ်စကားဝိုင်းကျင်းပ


MNP   -  ဇန်နဝါရီ ၂၇         

အခြေခံပညာ‌ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေပြီး ပရိသတ်ရှေ့ ပြောဆိုတိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ မြိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


လူငယ်စကားဝိုင်းတွင် ရွာငံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်​​အေးခင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့် က စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် Grade-11 ကျောင်းသား မောင်တည်ငြိမ်ဦးမှ လူငယ်နှင့်မူးယစ်ဆေးဝါးဆိုင်ရာများ၊ Grade-11 ကျောင်းသူမ​သော်တာရွှေစင်မှ လူငယ်နှင့်ပရဟိတဆိုင်ရာများ၊ Grade-10 ကျောင်းသူမစိုးနှင်းစံမှ လူငယ်နှင့်စာပေဆိုင်ရာများ၊ Grade-10 ​ကျောင်းသား မောင်ဟိန်းမြတ်စိုးက လူငယ်နှင့်ကျန်းမာရေး ဆိုင်ရာများနှင့် Grade-9 ကျောင်းသူမနော်နော်လွင်က လူငယ်နှင့်အားကစားဆိုင်ရာများ  ခေါင်းစဉ်အသီးသီးဖြင့်စကားဝိုင်းကို ဆွေးနွေးပြုလုပ်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးသူ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။


ပြည့်ဖြိုးသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)