မြောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး



MNP ၊ ဇန်နဝါရီလ ၂၇

 မနေ့က နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့ မြို့သစ်ရပ်ကွက်ရှိ မြန့်မာစီးပွားရေးဘဏ်အား PDF အကြမ်းဖက်သမားများက မီးပုလင်းဖြင့် လာရောက်ပစ်ပေါက်ခဲ့သောကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် ပြည်သူများအား ထိတ်လန့်ခြောက်ခြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မြို့သစ်ရပ်ကွက်တွင်ရှိသော မြန်မာစီးပွားရေးဘဏ်အား မီးပုလင်းဖြင့် လာရောက် ပစ်ပေါက်ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြိုနယ်ကော်မရှင်ရုံးသို့ပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရှိရ၍ တာဝန်ရှိသူများက သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ငြိမ်းသတ်မှုကြောင့် မနက် ၁၀ နာရီ ခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်ကြောင့်  အဆောက်အဦ အတွင်းရှိ ရုံးသုံးပစ္စည်းများနှင့် ဆပ်စပ်ပစ္စည်းများ ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)