MNP - ဇန်နဝါရီ ၂
အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနက် တောင်ပံကစားသမား မေခိုင်လို မူဒရစ်ကို ဒုတိယအကြိမ်ထပ်မံကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ဂန်းနားတို့ဟာ မူဒရစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ( သန်း ၅၀+အပိုဆုကြေး သန်း ၂၀ ) တို့ဖြင့်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ရှက်တာဒိုးနက်အသင်းတာဝန်ရှိသူတွေကတော့ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်စားနေပြီး ကစားသမားဖြစ်သူနှင့်လည်း ပုဂ္ဂိုလ်ရေး အဘောတူညီမှုရယူပြီး ဖြစ်ပါတယ်။
အဆိုပါ ယူကရိန်းသားကို အာဆင်နယ်အသင်းအပြင် မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment