MNP ၊ ဇန်နဝါရီလ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြိုနယ်၊ မြတောင်အုပ်စု၊ မြတောင်ကျေးရွာတွင် အေးချမ်းစွာ လုပ်ကိုင်စားသောက်လျက်ရှိသော ဦးမြအောင်အား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ မေးမြန်းခြင်းမရှိဘဲ လက်လုပ်သေနတ်များဖြင့် မသေမချင်း ၎င်းနေအိမ် ဧည့်ခန်းတွင် ယနေ့ နံနက် ၈ နာရီခန့်တွင် ရက်ရက်စက်စက် ပစ်သတ်သွားကြောင်း သိရှိရပါသည်။
သေဆုံးသူ ဦးမြအောင်သည် ယခင် NLD အစိုးရလက်ထက်၌ NLD ပါတီအား ထောက်ခံဝန်းရံသူဖြစ်ပြီး ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာရှိ ဆန္ဒပြလှုပ်ရှားမှုတွင် ဦးဆောင်၍ တတ်ကြွစွာပါဝင်ခဲ့သောကြောင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများဖြင့် အရေးယူခံရပြီး ၆ လအကြာတွင် နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ၎င်းကျေးရွာတွင် စားသောက်ဆိုင်ဖွင့်၍ ကောင်းမွန်စွာနေထိုင်လျက်ရှိသူ ဖြစ်သည်။
PDF အကြမ်းဖက်သမားများသည် NLD ပါတီကို ထောက်ခံသူအချင်းချင်းကိုပင် ၎င်းတို့၏ သဘောဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်ခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်သူများကို ရန်ရှာ၍ သတ်ဖြတ်သည့် လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်နေကြခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment