မိတ္ထီလာမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့( Working Group)များမှ အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့( Working Group)များမှ အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူ




MNP -  ဇန်နဝါရီ  ၂

မိတ္ထီလာမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group)များမှ အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၁၀ စုတို့တွင် စမ်းသတ်ကောက်ယူခဲ့ရာ ၎င်းစမ်းသပ် ကောက်ယူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။


မြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့( Working Group)များမှ အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူမှုကို မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် မြို့မ၊ ဝန်ဇင်း၊ နန်းတော်ကုန်း၊ အောင်ဇေယျာ၊ အောင်ဆန်း၊ သီရိမင်္ဂလာ၊ ပေါက်ချောင်း၊ ချည်စက်၊ ရန်မျိုးအောင်၊ ပြည်သာယာတောင်၊ ရတနာမာရ်အောင်၊ ကျီတော်ကုန်း၊ စျေးအရှေ့ပြင်၊ ပြည်သာယာမြောက် ရပ်ကွက်များနှင့်  သီးကုန်း၊ မုန်တိုင်၊ မြင်းကန်၊ ကန်တောင်၊ တောမ၊ ထမုန် ကန်၊ ရေချို၊ ညောင်ကိုင်း၊ ဇောင်ချမ်းကုန်း၊ ညောင်ကုန်အုပ်စုများတွင် ရပ်ကွက်ကျေးရွာတစ်ခုလျှင် နယ်မြေတစ်ခုနှုန်းဖြင့် စမ်းသပ် ကောက်ယူခဲ့သည်။


မိတ္ထီလာမြို့နယ်တွင် အိမ်ထောင်စုလူဦးရေးစာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ရက်နေ့အထိ ရက်ပေါင်း (၂၀)အတွင်း အဖွဲ့ပေါင်း ၁၇၅ဖွဲ့ဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၅)ဦးပါဝင်ပြီး တစ်ရက်လျှင် အိမ်ထောင်စု ၂၅ စုနှုန်းဖြင့် အိမ်ထောင်စု ၅၀၀ စုကို ကောက်ယူသွားမည်ရာ မြို့နယ်အတွင်း၌ရပ်ကွက် ၁၄ခု၊ ကျေးရွာ အုပ်စု ၅၈ စုရှိသည့်အနက် အိမ်ထောင်စု လူဦးရေစာရင်း ၈၇၅၈၈ စုရှိရာမြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့(Working Group)များအနေနဲ့ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး သင်တန်းများဖွင့်လှစ် ပို့ချထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းထံမှ သိရသည်။               


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)