ကလိန်အောင်မြို့၌ သဇင်ပန်းများစတင်ထွက်ရှိချိန်တွင် တစ်ခက်လျှင် ငွေကျပ် ၁၅ဝဝ အထိ ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့၌ သဇင်ပန်းများစတင်ထွက်ရှိချိန်တွင် တစ်ခက်လျှင် ငွေကျပ် ၁၅ဝဝ အထိ ဈေးကောင်းရရှိ


MNP -  ဇန်နဝါရီ  ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ဆောင်းရာသီကာလပန်းဖြစ်သော သဇင်ပန်းများစတင်ထွက်ရှိချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ရှိ သဇင်ပန်းစိုက်ပျိုးသူများထံမှ သိရသည်။


“သဇင်ပန်းက နိုဝင်ဘာလလောက်ဆိုရင်စပွင့်ပြီးတော့ ဖေဖော်ဝါရီလကုန်အထိရောင်းရတယ်၊ တခြားမြို့ကြီးတွေက အော်ဒါမှာရင်လဲပို့ပေးတယ်၊ လက်ရှိရောင်းဈေးက တစ်ခတ်ကိုငွေ ၁၅၀၀ ကျပ်အထိ ဈေးရရှိပါတယ်” ဟု ကလိန်အောင်မြို့ရှိ သဇင်ပန်းစိုက်ပျိုးသူ ဦးနေလင်းအောင်က ပြောသည်။


သဇင်ပန်းကို ထားဝယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများက မင်္ဂလာပွဲများ၊ အလှူပွဲများကျင်းပရာတွင် လာရောက်ဝယ်ယူကြသလို အော်ဒါမှာယူတာလဲရှိကြကြောင်း ၎င်းကဆက်လက်ပြောသည်။


သဇင်ပန်းမျိုးဥများကို ထားဝယ်မြို့နှင့် တခြားလာရောက်ရောင်းချသူများထံမှ တစ်ပိဿာကို ငွေ ၄၀၀၀၀၊ ၅၀၀၀၀ ကျပ်လောက်အထိဝယ်ယူရပြီး မျိုးဥများကို ပြန်လည်ပွားယူရကာ ပန်းအခတ်လှအောင် ပျိုးစုပျိုးထားရပြီးစီးပွားအဖြစ် ရောင်းချရကြောင်း သိရသည်။


ခင်ခင်လဲ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)