MNP - ဇန်နဝါရီ ၂
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ကလေးပြိုင်ပွဲကို ယနေ့နံနက် ၉း ၃၀နာရီက သံတွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်ဝင်းမြတ်ဖြူက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းက အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သံတွဲခရိုင်ပြည်သူ့ဆေးရုံးမှ ကလေးအထူးကုဆရာဝန်ဒေါက်တာဆုမွန်ထက်က ကလေးငယ်များနှင့်ပတ်သည့် သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ကလေးပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်ကလေးငယ်များအား ကလေးအထူးကု ဆရာဝန်ကြီး ၊ သူနာပြုများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များပူးပေါင်း၍ မွေးစာရင်း ရရှိမှု ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု ၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု ၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုဆိုင်ရာများ ၊ ကိုယ်အလေးချိန်တိုင်းတာမှု အစရှိသည်တို့ကို စစ်ဆေးယှဉ်ပြိုင်ပြီးကလေးအထူးကု ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မွေးစမှ (၆)လအထိ ၁၂ ဦး၊ ၆လမှ ၁နှစ်အထိ ( ၁၇)ဦး ၊ ၁ နှစ်မှ ၁နှစ်ခွဲအထိ (၄)ဦး ၊ ၁နှစ်ခွဲမှ ၂နှစ်အထိ (၁)ဦး စုစုပေါင်း ၃၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆင့်အလိုက် ပထမ ၊ ဒုတိယ , တတိယနှင့် အမွှာဆုများကို သံတွဲခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်ဆရာဝန်ကြီး၊ ကလေးအထူးကု ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများနှင့်ဆုများ အသီးသီးချီးမြှင့် ပေးခဲ့ကြကြောင်း သိရှိရသည်။
သန့်ဇင်
https://t.me/MyanmarNationalPost





No comments:
Post a Comment