၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအ‌နား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအ‌နား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -  ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအ‌နား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက လွတ်လပ်ရေးနေ့အခမ်းအနားအား အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးနှင့်အားကစားထူးချွန်ဆုများကိုလည်း ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများဖြစ်သော ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ လွန်ဆွဲ၊ စကောရွက်၊ အပ်ကြိုးထိုး၊ အာလူးကောက်နှင့်အားကစားပြိုင်ပွဲ ၁၁ မျိုးကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရုံးဌာနများတွင် နိုင်ငံတော်အလံနှင့် မီးရောင်စုံများ ထွန်းညှိသွားကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ၏ တင်ပြချက်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အားကစားပြိုင်ပွဲများအား ဌာနဆိုင်ရာအကြီးအကဲများက ကြီးကြပ်ကွတ်ကဲ၍ ကျင်းပပြုသွားမည်ဖြစ်ရာ အားကစားဝါသနာပါသောလူငယ်လူရွယ်များနှင့် မိဘများက မိမိတို့၏ သားသမီးများကိုခေါ်ဆောင်၍  ပျော်ရွှင်စွာပူးပေါင်းပါဝင်ဆင်နွဲကြနိုင်ကြောင်း သိရသည်။


ဇေယျာထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)