MNP - ဇန်နဝါရီ ၂
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေး စတဲ့လုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ နိုင်ငံတော် အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်များမှ ပြည်သူလူထု လူ့အသိုင်းအဝိုင်း များနှင့်ပူးပေါင်းပြီး တားဆီးကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ မွန်မြတ်မြင့်မားတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေကြသူတွေဖြစ်ပါကြောင်း၊ ဒီသင်ခန်းစာကနေ သင်ကြားပေးမယ့် မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးနှင့် အသက်ကယ်နည်းစနစ်များကို ကြိုးကြိုးစားစား လေ့လာသင်ယူ မှတ်သားပြီး ရပ်ရွာနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများကို မိုင်းယန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ ဝင်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတို့မှ ဖွဲ့စည်းထားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးခန့် တက်ရောက်ပြီး ရှာဖွေကယ်ဆယ်ရေး ပညာရပ်၊ မီးသတ်ပညာရပ်၊ စစ်ရေးပြဘာသာရပ်များကို ဇန်နဝါရီ ၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး
https://t.me/MyanmarNationalPost





No comments:
Post a Comment