ပွင့်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ




MNP  - ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်ကစတင်ပြီး မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း အဆိုပါ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ထံမှ သိရသည်။


ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များနှင့် ကျောင်းနေ အရွယ်ကလေးများ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ်စဉ်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်၊ ပြေးခုန်ပစ် စသည့်အားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


ယခုနှစ်တွင်လည်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသား ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကစပြီး ကျင်းပပြုလုပ်လျက်ရှိပြီး အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲ၌  ပြိုင်ပွဲဝင်အသင်း(၁၅) သင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်း(၁၀)သင်းတို့က အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ခေါင်းအုန်းရိုက်ပြိုင်ပွဲနှင့် အခြား ကွင်းတွင်း အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၄)ရက်နေ့ မနက်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအလိုက် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသော အသင်းများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစားမှူး ဦးရန်လင်း အောင်က ပြောသည်။


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)