MNP - ဇန်နဝါရီ ၂
ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို အမှတ်တရရှိစေရန်၊ အလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အရွယ်အစား (၄)လက်မပတ်လည်ရှိ စတစ်ကာများအား မော်တော်ယာဉ်များတွင် ကျယ်ကျယ်ပြန်ပြန့်ကပ်ပေးခြင်း စတစ်ကာကမ်ပိန်းကို ယနေ့နံနက် (၈)နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့် အဝေးပြေးယာဉ်ရပ်နားစခန်း၊ သဖန်းကုန်းဂိတ်၊ ခင်တဲဂိတ်၊ ချောင်းနက်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များ ဦးဆောင်ကာ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းရှိ ဂိတ်အသီးသီးတွင် ရပ်နားထားသည့် မော်တော်ယာဉ်များ၊ မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၏ရှေ့ မြင်သာသည့်နေရာများ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ (၃၅၀) စောင်အား ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment