ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲဆောင်ရွက်






MNP  -  ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည်စုံပြီး လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့် လူကုန်ကူးမှု အန္တရာယ်မှကင်းဝေးစေရန်၊  ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့ နေ့လည် ၁ နာရီအချိန်က အမှတ်(၅)မူလွန်ကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ အမှတ်(၅)မူလွန်ကျောင်းမှ ဆရာမ ဒေါ်ခင်မိုးရီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက လူကုန်ကူးမှု အဓိပ္ပာယ်၊ လူကုန်ကူးသူများအသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခြင်းခံရသူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အကြောင်းကို ဆက်လက် ပြောကြားရာတွင် ကျောင်းအနေအရွယ် ကလေးသူငယ်များမှာ စားဝတ်နေရေး အခက်ခဲများကြောင့် အလုပ်များကို လုပ်ကိုင်နေကြရသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ ကလေးအလုပ်သမားအခြေနေ၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်များကို ခင်းကျင်းပြခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)