ဟုမ္မလင်း၌ မြို့နယ်ပရိယတ္တိစာသင်ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်၊ စာချသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်း၌ မြို့နယ်ပရိယတ္တိစာသင်ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်၊ စာချသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ လှူဒါန်း




MNP  -   ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ထောက်ပံလှူဒါန်းသည့် ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်ကျောင်းတိုက်တို့ရှိ သံဃာတော်များ၊ စာသင်၊ စာချသာမဏေ အပါး(၁၂၅)ပါးတို့အား ရှေ့တန်းအမှတ်(၃)စစ်ဗျူးဟာအဖွဲ့ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထွေး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ဇန်နဝါရီ (၂၅)ရက်နေ့၊ နံနက်(၉)နာရီခွဲ အချိန်က အဆိုပါကျောင်းတိုက်သို့ ဆန်(၅)အိတ်၊ ဆီ(၅)ပိဿာပုံး( ၅)ပုံး၊ ဆား (၂၅)ပိဿာ၊ ကုလားပဲ (၃၀)ပိဿာ (၁)အိတ်နှင့် ကြာဇံ(၁၀)ပိဿာ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


ဆက်လက်၍ ခရိုင်၊ မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ အင်အား(၃၅၀)ဦးခန့်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် အဆိုပါပရိယတ္တိစာသင်ကျောင်းတိုက်အတွင်းရှိ အဆောက်အဦများနှင့် လမ်းများတွင် အမှိုက်သရိုက်၊ ခြုံနွယ်၊ ပိတ်ပေါင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။


လင်းလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)