MNP - ဇန်နဝါရီ ၂
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အထက(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သည့် ဆောင်းပါး၊ လွတ်လပ်ရေးပန်းမို့မနွမ်းစေချင် ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ၊ စည်းလုံးညီညွတ်မှုကိုတည်ဆောက်စသည့်အကြောင်းအရာ ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment