ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် U-21 ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် U-21 ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်






MNP  -   ဇန်နဝါရီ  ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ကိုသားသား အားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းကျင်းပသော U-21 ကလပ်ပေါင်း စုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက အစိုးရ ရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်မှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ကြည့်ရှုအား ပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ 


၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် U-21 ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဇင်ချောင်း FC အသင်းနှင့် တောင်ရင်း FC အသင်းတို့ အကြိတ် အနယ်ယှဉ်ပြိုင်ကစားကြရာ ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ် ဘက်နှင့်တစ်ဘက် အပြန်အလှန်ဖိအားပေးယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန် ၂၃ မိနစ်တွင် တောင်ရင်း FC အသင်းက အဖွင့်ဂိုးရရှိကာ ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၃၅ မိနစ်တွင် ဇင်ချောင်း FC အသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန်တွင် တစ်ဖက် တစ် ဂိုးစီဖြင့် သရေကျခဲ့သည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယပိုင်းပြီးဆုံးချိန်ထိ ဂိုးမသွင်းနိုင်ခဲ့သဖြင့် အချိန်ပို ၁၅ မိနစ်စီ ကစားရာ  တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်သာရရှိသောကြောင့် ပယ်နယ်သီအဆုံးအဖြစ် ဆက်လက်ကစားရာ တောင်ရင်း FC အသင်းမှ ဇင်ချောင်း FC အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 


ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ဂိုးသွင်းအများ ဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိကြသူများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးကချီးမြှင့် သည့် ဂုဏ်ပြုဆုချီးမြှင့်ငွေ တစ်သိန်းကျပ်ကို အသန့်ရှင်းဆုံးအသင်းဆုရရှိသည့် စနဲ FC အသင်းအား ဦးကျော်ကျော်စိုး(ခိုင်)ဆေးဆိုင်မှလည်းကောင်း၊ တတိယရရှိသော စေတီယျ FC အသင်းကို ဂုဏ်ပြုဆု ချီးမြှင့်ငွေ နှစ်သိန်းကျပ်အား ကိုသားသား(အားကစားပစ္စည်းအရောင်းဆိုင်)မှလည်းကောင်း၊  ဒုတိယ ရရှိသော ဇင်ချောင်း FC အသင်းကို ဂုဏ်ပြုဆုချီးမြှင့်ငွေ သုံးသိန်းကျပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ရွှေမှ လည်းကောင်း၊ ပထမရရှိသော တောင်ရင်း FC အသင်းကို ဂုဏ်ပြုဆုချီးမြှင့်ငွေ ငါးသိန်း ကျပ်နှင့် တံခွန်စိုက်ဖလားတို့အား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူဝေမှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အားကစားသမားတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)