ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ သာသနာ့ဗိမာန်ခန်းမတွင် မာရဝီဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ သာသနာ့ဗိမာန်ခန်းမတွင် မာရဝီဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားပူဇော်



MNP  -  ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၊ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သံဖြူဇရပ်မြို့နယ်အနေဖြင့် သံဃာတော်များနှင့် ဝတ်အသင်းအဖွဲ့များက ပူဇော်ခြင်း၊ အခမ်းအနားကို ဒုတိယနေ့အဖြစ် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်သည်။


အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူသော သံဃာတော်များက အတွင်း​အောင်ခြင်း(၈)ပါးပါဠိတော်နှင့် အပြင်အောင်ခြင်း(၈)ပါးပါဠိတော်တို့ကို ရွတ်ဆိုပူဇော်ခြင်း၊ ဝတ်အသင်းများက အပြင်အောင်ခြင်း(၈)ပါး(မြန်မာပြန်)ကို ရွတ်ဆိုခြင်း၊ ဓဇဂ္ဂသုတ်တော်အား သံဃာတော်များနှင့်ဝတ်အသင်းအဖွဲ့များရွတ်ဆိုပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဓမ္မစင်္ကြာဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ သံဃာတော်အရှင်မြတ်တို့အား  လှူဖွယ်ဝတ္တူများ ဆပ်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေသည်၊၊


အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးဆုံးကြောင်း သိရသည်။


မိုးစည်သူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)