သရက်ချောင်းမြို့နယ်တွင် ဒေသထွက်ဓနိလုပ်ငန်း လုပ်ကိုင်ခြင်း​ဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ဒေသထွက်ဓနိလုပ်ငန်း လုပ်ကိုင်ခြင်း​ဖြင့် မိသားစုအပိုဝင်ငွေရရှိ




MNP  -   ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ တောင်သူများသည် တစ်ပိုင်တစ်နိုင် ဒေသထွက်ဓနိလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့်မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။


သရက်ချောင်းမြို့နယ်တွင် မိုးရာသီကာလတွင်ဝါးဓနိနှင့်ဆောက်လုပ်သည့် နေအိမ်အဆောက်အအုံများပြင်ဆင် ဆောင်ရွက်လေ့ရှိသကဲ့သို့ ပင်လယ်ကမ်းခြေဒေသများရှိ ပင်လယ်ရေလုပ်ငန်းအဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ အမိုးအကာများပြန်လည်ပြင်ဆင်မှုများကို ဆောက်ရွက်လျက်ရှိကြသည်။


လက်ရှိ မြို့ပေါ်ရပ်ကွက် ဓနိအဝယ်ဒိုင်ဈေးကွက်များတွင် ဓနိပျစ်တစ်ရာလျှင် ငွေကျပ်ရှစ်ထောင်မှ ကိုးထောင်အထိ ဈေးနှုန်းရရှိနေပြီး အိမ်တိုင်ရာရောက် သွားရောက်ပို့ဆောင်ပေးရပါက အပျစ်တစ်ထောင်လျှင် ကျပ်ကိုးသောင်းမှ တစ်သိန်းကျပ် အထိဈေးနှုန်းရှိနေသည်ဟု ကျောက်မြောင်း ရပ်ကွက် ဓနိလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ညွှန့်ထိန်ထံမှသိရသည်။


ယခုအခါ ပင်လယ်ကမ်းခြေဒေသများတွင် ဓနိဈေးကွက် သွက်လက်လှုပ်ရှားနေသဖြင့် ဓနိသယ်ယူရန် စက်လှေငှားရမ်းသည့်လုပ်ငန်းများ အဆင်ပြေနေသကဲ့သို့ ဓနိတံရောင်းချသည့် လုပ်ငန်းများ၊ ဓနိခုတ်သူများ၊ ဓနိထိုးသူများ၊ လက်လုပ်လက်စားအလုပ်သမားများလည်း အလုပ်အကိုင် အခွင့်အလမ်းများအဆင်ပြေနေသည်ဟုဆိုသည်။ တချို့သောမိသားစုများမှာဓနိအဝယ်ဒိုင်များမှ ဓနိများကို မိမိတို့၏ နေအိမ်များသို့ ယူဆောင်ကာ မိသားစု စုပေါင်းဓနိထိုးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကာ မိသားစုအလိုက် လုပ်အားခဝင်ငွေများရရှိနေကြောင်း သိရသည်။


နန်းခလိုက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)