MNP - ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေး/ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာမူလတန်းကျောင်း၊ ဝမ်းတွင်း(၃)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း ဝမ်းတွင်း (၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်း မြတ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်မှ မီးဘေး/ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန် အချက်များ၊ ငလျင်လှုပ်နေစဉ် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ၊ မြန်မာနိုင်ငံ၏ ငလျင်ဇုန်ဆိုင်ရာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကိစ္စများကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး ငလျင်ဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲမျိုးသက်
https://t.me/MyanmarNationalPost

No comments:
Post a Comment