ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလားစေရေး စာပေစကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလားစေရေး စာပေစကားဝိုင်းကျင်းပ


MNP  -   ဇန်နဝါရီ ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက်ရည်ရွယ်ကာ ယနေ့နံနက် ၉ နာရီအချိန်က  စာပေစကားဝိုင်းကျင်းပပြုလုပ်သည်။


အဆိုပါစာပေစကားဝိုင်းတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ညှိနှိုင်းရေးမှူးအဖြစ်ပါဝင်ဆောင်ရွက်ပြီး  ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)မှ စကားဝိုင်းတွင်ပါဝင်သည့် သင်တန်းသူများအား တစ်ဦးချင်းအလိုက် ဖိတ်ခေါ်ဆွေးနွေးစေရာ မဝင်းနွယ်တိုးက “ကိုယ်ကျင့်နှင့်ပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစံပယ်မြင့်က “နန်းမတော်မယ်နု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရီရီဖြိုးက “သားနှင့်သမီးအတွက်အဖေ့အမှာစကား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဟန်နီဆွေက “ထင်ရှားသူတို့၏ဘဝပုံပြင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယဉ်မူအောင်က“သမီးလေးဖတ်ဖို့”ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မယုဇနသိမ့်က “ခင်ပွန်းကြီး(၁၀)ပါး”ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီးဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ အမျိုးအသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)မှ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးကြပြီး အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။


စာပေစကားဝိုင်းကို ကျောင်းသား၊ကျောင်းသူလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများအပါအဝင် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး၊ လူငယ်တို့၏ အတွေးအမြင်ကောင်းများဖြင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား အကောင်အထည်ဖော်ထူထောင်နိုင်ရေး၊ လူငယ်များအကြား စာပေချစ်မြတ်နိုးစိတ်များဖြစ်ပေါ်လာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေး၊ ဖတ်ရှုလေ့လာခဲ့သောစာပေများအပေါ် အမြင်ချင်းဖလှယ်နိုင်စေရေး၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ထာဝစဉ်ရှင်သန်ထက်မြက်စေရေးတို့အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)