မိုင်းယောင်းတွင် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းတွင် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီအစည်းအဝေး ကျင်းပ


MNP   -    ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက်ပိုင်းက ခရိုင်သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဆောင်ရွက်ဆဲကာလတွင် သိမ်းဆည်းထားသောသက်သေခံပစ္စည်းများ တန်ဖိုးဆုံးရှုံးမှုမရှိစေရေးအတွက် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီမှ သတ်မှတ်သည့်အချိန်အတိုင်းအတာအတွင်း စီမံထိန်းသိမ်းဆောင်ရွက်နိုင်ရန် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီ တာဝန်ရှိသူအဆင့်ဆင့်တို့က လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ခရိုင်သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီဝင်များက သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများကိုစနစ်တကျ စီမံထိန်းသိမ်းထားရှိမှုနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ခရိုင်သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူတို့က အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး​ခဲ့သည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)