MNP - ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Myancopharm) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီကစ၍ အမှတ်(၂၇) အခြေခံပညာမူလတန်းတန်းကျောင်းစုရပ်နှင့် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းစုရပ်တို့၌ စတင်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူးဦးစို့ညွှန့်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Myancopharm အပိုဆောင်းထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Myancopharm ထိုးနှံသူကျောင်းသား၊ ကျောင်းသူ အမှတ်(၂၇)အခြေခံပညာမူလတန်းကျောင်းမှ (၃၃၅)ဦး၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းမှ (၃၈၆)ဦး၊ အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်းမှ (၈၉)ဦး စုစုပေါင်း(၈၁၀) ဦးအား အပိုဆောင်းထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
ခင်ဆွေနှင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment