ပေါင်းတည်မြို့နယ် ဘွတ်ကြိုးဝိုင်းအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်အကွက်တွင် ကျွန်းပင် ၂၀၀၀ စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ် ဘွတ်ကြိုးဝိုင်းအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်အကွက်တွင် ကျွန်းပင် ၂၀၀၀ စိုက်ပျိုး



MNP  -   ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဘွတ်ကြိုးဝိုင်းအတွင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် သစ်ထုတ်လုပ်မှုမြင့်မားလာစေရေးအတွက် အရှိန်အဟုန်မြှင့်စီမံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူပိုင်အကွက်၌ ကျွန်းပင် ၂၀၀၀ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


အဆိုပါဆောင်ရွက်မှုသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်၊ အကွက်အမှတ် ၁၀၊ သစ်တော ၁၀၀.၅၀ ဧကတွင် တောအုပ်ဦးတင်လှိုင်ဦး အနီးကပ်ကြီးကြပ်ကာ၊ ပန်းသင်းပင်ကျေးရွာမှ တောင်သူဦးညွန့်ဝင်းပါ တောင်သူ ၂၁ ဦးစုပေါင်း၍ ကျွန်းပင် ၂၀၀၀ စိုက်ပျိုးနေခြင်းဖြစ်ကြောင်းနှင့် အလားတူရွှေလေးကြိုးဝိုင်း၊ ဒေါလယ်ကြိုးဝိုင်း၊ ရှားပြင်ကြီးကြိုးဝိုင်း၊ ပန်းသင်းပင်ကြိုးဝိုင်းနှင့်ဇီးပင်လှကြိုးဝိုင်းတို့တွင်လည်း ဒေသခံကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ ပဲခူးရိုးမ စိမ်းလန်းစိုပြေရေးအတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧကကွက်များ၌လည်း ကျွန်းပင်များစိုက်ပျိုးထူထောင်ထားလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူးထံမှ သိရသည်။


သူရကြီး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)