MNP - ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက အမက ဘူတာကျောင်းခန်းမ ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားတွင်အမကဘူတာ ကျောင်းမှကျောင်းသား/သူ များကစုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး၊ အမကဘူတာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ထူးချွန် ဆုရရှိကြသည့်ကျောင်းသား၊ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ဧည်သည်တော်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားကို သားသားမီးမီးတို့က အကပဒေသာများဖြင့်ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment