မိတ္ထီလာမြို့နယ်၌ ဆည်ရေ ကန်ရေ သောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၁၄၀၀ စိုက်ပျိုးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်၌ ဆည်ရေ ကန်ရေ သောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၁၄၀၀ စိုက်ပျိုးသွားမည်


MNP  -  ဇန်နဝါရီလ ၁၀

မိတ္ထီလာမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၁၄၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။    


မိတ္ထိလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ ကန်၊ တမံများမှ ဒေသဝမ်းစာဖူလုံရေးအတွက် နှစ်စဉ်  မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခုနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်၊ ညောင်ကုန်းတမံ၊ လက်ခုပ်ပင်တမံနှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့်  နွေစပါးစိုက်ဧက ၉၃၀နှင့် အခြားသီးနှံ စိုက်ဧက ၄၇၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းဆည်ကန် တမံများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် ပျိုးထောင်ရေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ လွှတ်ပေးသွားမည်ဖြစ်သည်။


အဆိုပါ နွေစပါးနှင့် အခြားသီးနှံများကို  မိတ္ထီလာကန်ရေဖြင့် ထမုန်ကန်၊ ခင်လူး၊ ကံကြီး၊ ကွက်ငယ်၊ လျော်ဖြူကန်၊ ရှမ်းတဲ၊ မကျီးစု၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကန်၊ ကျောင်းရွာကျေးရွာအုပ်စုများရှိ ကွင်း ၂၁ ကွင်းမှ နွေစပါးစိုက်ဧက ၆၂၀၊ ဝါစိုက်ဧက ၂၇၀၊ အခြားသီးနှံစိုက်ဧက ၁၀၀တို့နှင့် ချောင်းကောက် ဆည်ရေဖြင့် ကုက္ကိုကုန်းကျေးရွာအုပ်စုရှိ ကွင်း ၃ကွင်းမှ နွေစပါးစိုက်ဧက ၁၅၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်၊ သီးကုန်းကျေးရွာ အုပ်စုများရှိ ကွင်းနှစ်ကွင်းမှ နွေစပါး စိုက်ဧက ၁၄၀၊ ညောင်ကုန်းတံမံဖြင့် ခင်တဲကျေးရွာအုပ်စုရှိ ကွင်းတစ်ကွင်းမှ ဝါစိုက်ဧက ၅၀၊ လက်ခုပ်ပင်တမံဖြင့် အင်းကျေးရွာအုပ်စုရှိ ကွင်းတစ်ကွင်းမှ ဝါစိုက်ဧက ၅၀ နှင့် ရှမ်းမငယ်ဆည်ရေဖြင့် ရှမ်းမငယ် ကျေးရွာအုပ်စုအတွင်းရှိ ကွင်းတစ်ကွင်းမှ နွေစပါးစိုက်ဧက ၂၀ တို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျားထားကြောင်း သိရသည်။                       


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)