MNP - ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယမန်နေ့ညနေ ၂နာရီ အချိန် ကရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက် သီရိသောမာရုံဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်းတွင် တာဝန်ခံ ဦးမောင်အေးညွှန့် နှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ခွဲမှူး ဦးသော်ဇင်လင်း နှင့်တပ်ဖွဲ့ဝင်များမှ တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့်အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးအကြံအကြံပြုခြင်းနှင့်အသိပညာပေးဟောပြောပေးရာတွင်မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်က နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။
ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ဟောပြောကြားခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment