MNP - ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက-၂ ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ Grade-8 တန်းမှ ကျောင်းသား၊ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး မိဘဆရာအသင်းနာယက၊ မြို့နယ်ပညာရေးမှူး(ငြိမ်း)ဦးတင်ရွှေက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာနှင့် မိဘဆရာအသင်းဉက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေသန်းကြည်တို့က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းအကျိုးတော်ဆောင်ဉက္ကဋ္ဌ ဦးခင်အေးမောင်က စုံညီပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူ ဝမ်းမြောက်စကားပြောကြားပြီး မိဘဆရာအသင်း ဒု-ဉက္ကဋ္ဌ ဦးမြလင်းက ဆုအလှူငွေနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများမှ ရခိုင်ရိုးရာယိမ်း အကအလှများ၊ တေးသရုပ်ဖော်များ၊ တေးသီချင်းများဖြင့်ကပြဖေျာ်ဖြေခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တွင် ခွင့်ရက်မယူဘဲ သင်ကြားပြသပေးခဲ့သည့် ဆရာမများ၊ မြို့နယ်အဆင့်လူရည်ချွန် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ကာယ၊ဉာဏဆုရရှိသည့် ကျောင်းသား၊ကျောင်း သူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ Grade-11 တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည် လက်လှမ်းချီ သီချင်းကိုသီဆိုဖေျာ်ဖြေ၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost














No comments:
Post a Comment