MNP - ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ် ချုပ်ရေးဦး စီးဌာ နရုံး အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ ဌာနအသီးတွင် မကြာမှီ budget ပြီးဆုံးတော့မည်ဖြစ်၍ ဌာနအ သီးသီးတွင် ဆောင်ရွက်နေသောလုပ်ငန်များ ဆောင်ရွက်ပြီးစီးနိုင်မှုအခြေအနေ ၊ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း အသိပညာပေးလုပ်ငန်းများ ဆောင် ရွက် ကြရန် စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင်ထူးလှိုင် မှလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပြီး စီးနိုင်မှုအခြေ၊ ထိုးနှံပြီးသူများကို VMIS စာရင်းရေးသွင်းပြီးစီးမှုအခြေတို့ကိုပြောကြားပြီး နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး ကလည်း တစ်လမ်းမောင်းလမ်း ကို ဒေသခံပြည်သူများ သိရှိနိုင်ရန်အတွက် လမ်းတစ်လျှောက်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အသံချဲ့ စက်ဖြင့် ကြေညာ၍ လုပ်ဆောင်လျှက်ရှိသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသကိုယ်စားလှယ် ဦးထွန်းကျော် မှလည်း အိမ်ထောင် စုလူဦးရေ စာရင်း အမှန်ရရှိရေး ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေတို့ကို ပြောကြားခဲ့သည်။
ခရိုင်လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရီုင်ဦးစီးမှူး မှလည်း မြို့နယ်အလိုက်အိမ် ထောင်စု လူဦး ရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူလျှက် ရှိသည်တို့ကိုပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မှခရိုင်အ ဆင့်ဌာန ဆိုင်ရာများ ၏လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုအပေါ်အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment