MNP - ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ် ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်က မီးငြိမ်း သတ်ရေး နှင့် လေ့ကျင့်မှု များဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင် နှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်တို့က ဈေးမီးဘေးလုံခြုံရေးအတွက် မတော်တဆ မီး လောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျ မီးငြိမ်းသတ်မှု များကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ် တတ်စေရန် ဆီမီးလောင်ကျွမ်းမှုအား အဝတ်ဖြင့်ဖုံးအုပ် မီးငြိမ်းသတ်ခြင်း များကို ဈေး သူ၊ ဈေးသားများအား လက်တွေ့ သရုပ်ပြသစေခြင်းတို့ ကို ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံထွန်းအောင် ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး သိန်းနိုင် ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်း ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များက မြို့မဈေးကြီး အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ ၊မီးချိတ် ၊ မီးကပ်များ ၊ မီးသတ်ဆေးဘူးများ ထားရှိမှု ၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ် လဲလှယ် တပ် ဆင် ကြစေရန် နှင့် ဈေးအတွင်း လှည့်လည် ကြည့်ရူစစ်ဆေးခြင်း ၊ ဈေးအနီးအနားရှိ ဈေးရောင်းချသည့် ဆိုင်ရှေ့ ရေ မြောင်း များ အတွင်း ရေ များပိတ်ဆို့မှုမဖြစ်ပေါ်စေရေး နှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment