ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်


MNP  -   ဇန်နဝါရီ ၂၃ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း မိုင်းယိုင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile Library  စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။       


ယင်းတို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ခင်မြင့်ဦး မိမိဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်ကြောင်း၊ စာကြည့်တိုက်သို့ လူကြီး၊ လူငယ်၊ လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့ လက်ရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များ လက်ဝယ်အရောက် စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကို အသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးနေကြာင်း ရှင်းလင်းပြောကြားပြီး၊ ဆက်လက်၍ စာဖတ်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၀)ဦးခန့်ရှိကြောင်း သိရသည်။ ထို့နောက် သုတ၊ ရသစာအုပ်များ စုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။


ထင်ထင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)