MNP - ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နှင့် Youth Club နှင့် စာရေးဆရာ အကြီးကိုကို(ကသာ)ရေးသားသည့် “သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မခွန်းဆက်သင်းကစာရေးဆရာ အကြီးကိုကို(ကသာ)ရေးသားသည့် “သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက်” စာအုပ်မှ “ဘဝအောင်မြင်ဖို့အတွက်သော့ချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသဇင်ဦး က “ဘဝအတွက်လေ့လာမှတ်သားလိုက်နာပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစန္ဒီအောင် က “အလုပ်အပေါ်ထားရှိရမည့်စိတ်နေသဘောထား” ၊မောင်အောင်နေထွန်းက “လောကကိုအလှဆင်တတ်ပါစေ” ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ က ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့သည်။
အဆိုပါစာအုပ်သည် သားနဲ့သမီးလူငယ်များအတွက်သာမကပဲ နိုင်ငံတာဝန်ကိုအဆင့်အသီးသီးဖြင့် တာဝန်ထမ်းဆောင်နေသူများ ၊ ကျောင်းသား, ကျောင်းသူလူငယ်များ ဘဝတိုးတက်အောင်မြင်ရေးအတွက် ရေးဖွဲ့ထားသောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ဗဟုသုတများစွာရရှိသဖြင့် လူငယ်များ လေ့လာဖတ်ရှု့သင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် ပြည်သူများနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်ခြင်းကြောင့်ရှိလာသည့်အသိပညာဗဟုသုတများဖြင့် လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ထို့အပြင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment