သံတွဲခရိုင်၊အမကငပလီကျောင်း၌လူငယ်ရေးရာမူးယစ် အသိပညာပေးဟောပွဲ နံရံကပ်စာအုပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊အမကငပလီကျောင်း၌လူငယ်ရေးရာမူးယစ် အသိပညာပေးဟောပွဲ နံရံကပ်စာအုပ်စာစောင်ပြပွဲကျင်းပ




MNP  -   ဇန်နဝါရီလ   ၂၄

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီကျောင်းခန်းမ၌ ငပလီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးကကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့်မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်ရှောင်ရှားနိုင်ရေးများကိုသိရှိစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၁ : ၀၀)နာရီအချိန်ကအမကငပလီကျောင်းတွင် ကျင်းပခဲ့သည်။


  ထိုသို့ လူငယ်များအသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ကလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ 


  အဆိုပါကျောင်းသားလူငယ်များက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြသထားမှုများအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost


   

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)