ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP  -  ဇန်နဝါရီ    ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်   ဝန်ထမ်းများ စာဖတ်သည့်အ‌ေလေ့အထကောင်းများဖြစ်စေရန်နှင့်လုပ်ငန်းဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့်ယနေ့ မွန်းတည့် ၁၂နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ဝန်ထမ်းများက  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။


ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး  လက်စွဲစာစောင်စာအုပ်မှ  ထူးခြားသည့်ဝိသေသများခေါင်းစဉ်ဖြင့်ဦးဆောင်ဖတ်ကြားပေးသည်။  ဆက်လက်ပြီးစာကြည့်တိုက်မှူးဦးမောင်ကြည်မှ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးနှင့် မှတ်ပုံတင်ခြင်းခေါင်းစဉ်တို့ဖြင့်ဖတ်ကြားပြီးနောက် ရုပ်သံကျွမ်းကျင်-၃၊ ဒေါ်ကြည်ကြည်အေးမှ ကက်တလောက်လုပ်ငန်းခေါင်းစဉ်တို့ဖြင့်ဖတ်ကြားဆွေးနွေးကြသည်။


            ၎င်းဖတ်ကြားဆွေးနွေးမှုများအပေါ်တွင်  ဝန်ထမ်းများမှ သရှိလိုသည်များကိုဆွေးနွေးမေးမြန်းကြရာဆွေးနွေးမှုများအပေါ်တွင်အားနည်းချက် အားသာချက်များကို   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဒေါ်အောင်တင်ကြည်က  ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)