ပြင်ဦးလွင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ (အကြို) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ (အကြို) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP  -   ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် BH Export & Import Company တို့ပူးပေါင်းစီစဉ်ကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) BH ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ကျင်းပသည်။


အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ၊ ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်  အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများနှင့် ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယမင်းလှိုင်က ကျေးဇူးတင်စကားပြောကြားပြီး၊ နှစ်သိမ့်ဆုရရှိသည့် ဟိန်းသီတာ(က)အသင်းအား ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌဦးဝင်းမြင့် ကလည်းကောင်း၊ တတိယဆုရရှိသောနိုင်ကျော်အသင်းအား ပြင်ဦးလွင်မြို့နယ်အားကစားမှူး ဦးမြင့်ဌေး ကလည်းကောင်း၊  ဒုတိယဆုရရှိသော ကိုသားကြီး(ဆောက်လုပ်ရေး) အသင်းအား BH Export & Import Company မှ ဦးသာကော   ကလည်းကောင်း ၊ ပထမဆုရရှိသော သိန်းကမ္ဘာအသင်းအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


 အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုပ်စု(က)မှ အုပ်စု(ဃ)အထိ ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအသင်း စုစုပေါင်း(၁၅)သင်းတို့က ဇန်နဝါရီလ (၂၂) ရက်နေ့မှ ဇန်နဝါရီလ (၂၄)ရက်နေ့ အထိ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)