MNP - ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နေတတ်ရင် ကျေနပ်စရာပါ စာအုပ်ဖြင့် စာအုပ်ဖြင့် Youth Club အဖွဲ့ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးအရာရှိက “နေတတ်ရင်ကျေနပ်စရာပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း Youth Club အဖွဲ့ဝင် မအေးသန္တာစိုး၊ မရွှေရည်ဝင်းလဲ့နှင့် အဖွဲ့ဝင်များက “စိတ်ရှည်ပါ” ခေါင်းစဉ်၊ “ဘဝကိုညီမျှခြင်းဖြစ်အောင် ဘယ်လိုနေမလဲ” ခေါင်းစဉ်၊ “အလှဆုံးပြင်ပြီးမှ နှစ်သစ်ကိုသွားမယ်” ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Community Centre ခန်းမတွင် Talk Show များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲများနှင့် ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment