MNP - ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူပေါင်း ၈ ဦးရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၅၈၇ ဦး၊ စုစုပေါင်း ၅၉၅ ဦး တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၁၈ ကျောင်း၊ စုစုပေါင်း၂၉ ကျောင်းရှိပြီး၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှ၊ မလွန်၊ လင်းကယ်၊ လက်ပံတံခါးစာစစ်ဌာန ၄ ခုမှ ဘာသာတွဲ(၁)ဖြေဆိုသူ အတွင်း၊ အပြင်ပေါင်း ၄၀၆ ဦး၊ ဘာသာတွဲ(၂) အတွင်း၊ အပြင် ဖြေဆိုသူပေါင်း ၇၃ ဦး၊ ဘာသာတွဲ(၇) အတွင်း၊ အပြင် ဖြေဆိုသူပေါင်း ၁၁၆ ဦး စုစုပေါင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၅၉၅ ဦးသည် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများကို တင်သွင်းထားကြောင်း မင်းလှမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဇာဇာ
https://t.me/MyanmarNationalPost

No comments:
Post a Comment