​ ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စင်ဖွင့်စနစ်​ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စင်ဖွင့်စနစ်​ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး


MNP  -   ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ သူ လူငယ်လူရွယ်များ၊  ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာရေးသူများ ရည်ညွှန်းကိုးကားရေးသားနိုင်ရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အသစ်ရောက်ရှိသော စာအုပ်စာ​​​စောင်များ၊ ဗဟုသုတဖြစ်ဖွယ် သုတ/ ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြ စသည်တို့ကို နေ့စဉ် နံနက် ၉:၃၀နာရီမှ ညနေ ၄:၃၀ နာရီအထိ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော လူငယ်လူရွယ်များ အသိဉာဏ်ပညာ တိုးတက်မြင့်မားရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားဆင်ခြင်ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်၏ သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးတို့အတွက်  အဘက်ဘက်က ဆောင်ရွက်လျက်ရှိရာ လူငယ်များစာပေ လေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရေးအတွက် စာငှားသူ၊ စာဖတ်သူများ ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များ၊ နေ့စဉ်ထုတ်သတင်းစာများကို နေ့စဉ်ခင်းကျင်းကာ စာပေဖတ်ရှုသူများလာအောင် စင်ဖွင့်စနစ်ဖြင့် တိုးမြှင့်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ပညာရပ်စုံ၊ ရသစုံ၊ အကြောင်းအရာစုံ စာကောင်း၊ ပေကောင်းများကို စာဖတ်ပရိသတ်များ ဖတ်ရှုရာမှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်နယ်ပယ်များ အကြောင်းကိုပါ သိရှိမှတ်သားရ၍ စာငှားသူ စာဖတ်ပရိသတ်များဖြင့် စာဖတ်ရှိန်မြှင့်တင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)