မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ်ဆိုင်ရာဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ်ဆိုင်ရာဟောပြောပွဲပြုလုပ်





MNP  -   ဒီဇင်ဘာ  ၂၄

မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ်ဆိုင်ရာဟောပြောပွဲပြုလုပ်ခြင်းကိုယမန်နေ့နံနက်ပိုင်းက(အထက )ပေါင်နှင့်(အထက) နတ်ကြီးချောင် တို့၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ  ဒေါ်စန်းစန်းမိုးကအဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုသင်ကြားပြသပေးခြင်းသည် ပေါင်မြို့နယ်အနေဖြင့် အောင်ချက်မြင့်မားစေရန် ရည်ရွယ်၍ မြို့နယ်အလိုက် သင်ကြားပြသပေး‌နေကြောင်း ပြောကြားသည်။


ထို့နောက် မော်လမြိုင်တက္ကသိုလ်မှ  ဆရာ/ဆရာမ များကဘာသာရပ်အလိုက် သင်ကြားပြသပေးပြီး ကျောင်းသား/သူများကပျော်ရွှင်စွာ သင်ယူမှုခံယူခဲ့သည်။


အခမ်းအနားသို့ ပေါင်မြို့နယ်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်နွေးနွေး၊မြို့နယ် မိခင်နှင့်ကလေးဥက္ကဌ ဒေါက်တာစုစုလွင်၊မြို့နယ်ညာရေးမှုးဒေါ်စန်းစန်းအေးနှင့်တာဝန်ရှိသူများက သင်ကြားပြသပေးမှုများအား အားပေးကူညီခဲ့ကြောင်းသတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)