MNP - ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲကို ယနေ့ နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မော်လမြိုင်တက္ကသိုလ်မှ ဆရာ/ဆရာမ ၁၁ ဦးတို့က တက္ကသိုလ်ဝင်တန်း ဘာသာရပ် ၉ ခုတို့အား သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဖြေဆိုရမည့်ပုံစံများ၊ ယခင်နှစ်မေးခွန်းဟောင်းများနှင့် သိထားသင့်သည့်အချက်များ၊ အခန်းအလိုက် လေ့လာထားသင့်သည်များ စသည်တို့ကို့ ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသည့် တက္ကသိုလ်ဝင်တန်းသင် ဆရာ/ဆရာမများနှင့် ဖြေဆိုကြမည့် ကျောင်းသူ/ကျောင်းသားတို့က သိလိုသည်တို့ကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲကို သထုံမြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ကျိုက္ကော်)တို့၌ တစ်ပြိုင်နက်တည်း တစ်ရက်ကြာ ကျင်းပပြုလုပ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းဖြေနှင့် ပြင်ပဖြေ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment