ကျောက်ပန်းတောင်းမြို့နယ် ​ကြက်မောက်တောင်ဆည်အနီးဝင်းကျင်ကျေးရွာများတွင် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော တိုင်ထောင်ခရမ်း ချဉ်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် ​ကြက်မောက်တောင်ဆည်အနီးဝင်းကျင်ကျေးရွာများတွင် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော တိုင်ထောင်ခရမ်း ချဉ်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP   -    ဇန်နဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ​ကြက်မောက်တောင်ဆည်အနီးဝင်းကျင် ကျေးရွာများတွင် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော တိုင်ထောင်ခရမ်းချဉ်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း လဲဂွကျေးရွာတိုင်ထောင် ခရမ်းချဉ်စိုက်ပျိုးတောင်သူ ဦးမင်းဇော်ထံမှသိရသည်။

ကြက်မောက်တောင်ဆည် အနီးပတ်ဝင်းကျင်များဖြစ်သည့် ကျေးရွားများသည်မြေအောက်ရေးဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို နွေ၊မိုး၊ဆောင်း သုံးရာသီစလုံးလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ ခရမ်းချဉ်ကို မိုးလယ် နှင့်မိုးနှောင်းကလများတွင် လည်းကောင်း၊ဆောင်ဦးကာများ တွင်လည်း ကောင်အသီးသီးစိုက်ပျိုးလျက်ရှိသည်။ ယခုအခါ မြေးအောက်ရေကိုအသုံးပြုပြီး နတ်တော်လဆန်းပိုင်းတွင်စိုက်ပျိုးထားသော ခရမ်းချဉ်ခင်းများမှာအလွန်ကောင်းမွန်ပြီး စတင်ခူးဆွတ်နေပြီးဖြစ်ရာ ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာလျင် ၂၀၀၀ ကျပ်နှုန်းအထိစျေးနှုန်းကောင်းမွန်သောကြောင့် စိုက်ပျိုးတောင်သူများအတွက်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ ခရမ်းချဉ်သီးများကို ခူးဆွတ်ရာတွင်လည်း ဧကတစ်ဝတ်ရှိသောစိုက်ခင်းတစ်ခင်းကို နှစ်ရက်ချန်တာခါခူးဆွတ်လျင် ပိဿာချိန် ၁၅၀ မှ ၂၀၀ ပိဿာအချိန်ထိရရှိကြောင်းသိရသည်။ ခရမ်းချဉ်စိုက်ပျိုးတောင်သူများသည် မိမိတို့ရရှိလာသော ခရမ်းချဉ်သီးများကို ကျောက်ပန်းတောင်းမြို့ရှိစျေးသို့ ကိုယ်တိုင်ရောင်းချကြသလို၊ မိမိတို့ရွာမှ စျေးသယ်များသို့လည်းရောင်းချလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)