နတ်တလင်း​မြို့နယ်၌ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်း​မြို့နယ်၌ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


MNP  -   ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီးတွင် ဘုရား၊ စေတီပုထိုးများကို ဘုရားဖူးပြည်သူများ ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် အန္တရာယ်ကင်း ပရိတရားတော်များရွတ်ဖတ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက်(၉:၃၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ​ဆောင်ရွက်ရာတွင် ပရိတ်တရား​တော်များရွတ်ဖတ်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ဆပ်ကပ်ပူဇော်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ရောင်တော်ဖွင့်ခြင်း၊ ရင်ပြင်တော်ပေါ်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထားထားဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)